Wednesday, January 15, 2014

SSH Proxy For Safe Browsing

        ssh tunneling ကို အသုံးပြုပြီး secure browsing အဖြစ်သုံးခြင်းဖြစ်ပါတယ်။ အမြဲတမ်းတော့မလိုပါဘူး WiFi free zone တွေ ရှိတဲ့နေရာမှာ သုံးပြီဆိုရင် ကိုယ့် connection ကို packet sniffing တွေ မှကာကွယ်ရန်အတွက် ဖြစ်ပါတယ်။ command ကတော့ တစ်ကြောင်းထဲပါ " ssh -D 2959 yan@127.0.0.1 " ဖြစ်ပါတယ်။ လုပ်ပုံလုပ်နည်းကို ပုံမှာပြထားပါတယ်။ port ကလဲ စိတ်ကြိုက်သတ်မှတ်ပြီး ထိုport ကို browser မှ network connection manual proxy တွင် အသုံးပြုမှာ ဖြစ်ပါသည်။



           စစချင်းမှာ netcat command " nc " ဖြင့် သုံးလိုသော Port သည် connection  ရှိနေလား မရှိဘူးလား ဆိုတာ စစ်ပါတယ် ပြီးနောက် ပြောခဲ့တဲ့အတိုင်း ssh command နဲ့ secure connection တစ်ခု တည်ဆောက်ပါတယ်။ တည်ဆောက် ပြီးတဲ့နောက် မှာတော့ netcat နဲ့ နှင့် ပြန်စစ်ရင် အလုပ်လုပ်နေတာကို တွေ့ရမှာပါ။ 

           ဒီနေရာမှာ တစ်ခု ပြောချင်တာကတော့ only applications that can support SOCKS v4 or v5 များသာ ssh proxy ပုံစံကို အသုံးပြုနိုင်ပါတယ်။ Browsers တွေ မှာတော့ support လုပ်ပါတယ်။ SOCKS Protocol အလုပ်လုပ်ပုံ ကို သိချင်ရင် ဒီ Link မှာ ဖတ်ကြည့်ပါ http://etherealmind.com/fast-introduction-to-socks-proxy/ 












Share:

0 comments:

Post a Comment

Note: Only a member of this blog may post a comment.