ဒီ article မှာတော့ multipass အကြောင်း ပြောချင်ပါတယ်။ Multipass က ဘာလဲဆိုတော့ Windows မှာဆိုရင် အခု popular ဖြစ်တဲ့ WSL နဲ့ ပုံစံတူတယ် VM instance တစ်ခု ကို download ဆွဲ မိမိစက်ပေါ်မှာ မြန်မြန်ဆန်ဆန် create လုပ်ပေးပြီး အသုံးပြုနိုင်အောင်ပြုလုပ်ပေးတယ်။ တစ်ခုက သူသည် WSL လိုတော့ linux distros တွေ အစုံအလင်ရှိမှာမဟုတ်ဘူး Canonical က ဖြစ်တဲ့အတွက် Ubuntu distros တွေသာ ရှိမှာဖြစ်ပါတယ်။ ဆိုတော့ Ubuntu environment / Ubuntu distro ကို အသုံးပြုပြီး စမ်းသပ်ချင်သူတွေအတွက်တော့ VM တစ်ခု ကို i.e vmware workstation တွေမှာ အချိန်ပေးပြီး တည်ဆောက်နေစရာမလိုတော့ဘူးဖြစ်ပါတယ်။
Multipass က multi platform ( Windows, Mac, Linux) support ဖြစ်ပြီးတော့ platform တွေရဲ့ native hypervisors တွေဖြစ်တဲ့ KVM for Linux, Hyper-V for Windows and Hyperkit on MacOS ကို အခြေခံပြီး အသုံးပြုပါတယ်။ Multipass installation ကိုတော့ အောက်က ref link မှာ ကြည့်ပြီးလုပ်နိုင်တယ်။ အခု article မှာတော့ Multipass usage လေးတွေပဲ ပြောသွားမှာဖြစ်ပါတယ်။
How to list available VMs in multipass to use?
Multipass မှ အသုံးပြုလို့ရတဲ့ VMs တွေကို ကြည့်ချင်ရင် $multipass find ဆိုပြီး အသုံးပြုပါတယ်။
How to create a vm after you install multipass?
Multipass ကို မိမိ စက်မှာ install လုပ်လို့ပြီးပြီ ဒါဆို အရင်ဆုံး default အနေနဲ့ ကတော့ install လုပ်လို့ပြီးပြီးချင်း "Primary" ဆိုတဲ့ vm instance တစ်ခု ရှိနေမှာဖြစ်တယ်။ ဒါပေမယ့် ကိုယ်က new vm install လုပ်ချင်ရင်တော့ $multipass launch --name <vm-name> <version> ဆိုပြီး အသုံးပြုနိုင်တယ်။ <version> မထည့်ရင်တော့ latest ကို download ဆွဲသွားမှာဖြစ်ပါတယ်။
Create လုပ်ပြီးနောက် $multipass list နဲ့ ကြည့်ရင် ကိုယ် create လုပ်လိုက်တဲ့ VM running ဖြစ်နေတာ တွေ့ရမှာဖြစ်ပါတယ်။ ထပ်ပြီး ကိုယ်က VM sizing ပိုင်းကိုလဲ default sizing ကို မကြိုက်ရင် customize လုပ်ပြီး အသုံးပြုနိုင်တယ်။
How to execute a command from outside into a VM?
VM instance ကို အပြင်ဖက် terminal ကနေ လှမ်းပြီး manage လုပ်ချင်ရင်တော့ $multipass exec ကို အသုံးပြုပါတယ်။
How to access VM instance Shell?
VM instance ရဲ့ shell ကို access လုပ်ချင်တယ်ဆိုရင်တော့ $multipass shell <vm-name> ဆိုပြီး အသုံးပြုပါတယ်။
တစ်ခြား Usage တွေကိုလဲ သူ့ရဲ့ official website မှာ ဖော်ပြထားပါတယ်။ တစ်ခု သတိထားမိတာက တစ်ခါတစ်လေ VM instance download ဆွဲ တဲ့အခါ ကြာတက်ပြီး network time out error ဖြစ်တက်ပါတယ်။ နောက်ပြီးတော့ MacOS ပေါ်မှာဆိုရင် image ကို manually download and install ကို support မပေးသေးဘူးဖြစ်ပါတယ်။
Ref:
https://github.com/canonical/multipass
That's it 😊
Pls Like and Subscribe Our Root Of Info FB Page and Youtube Channel
https://www.facebook.com/rootofinfo
https://www.youtube.com/channel/UCkOi7WxhUBKONv3uD0CvuWw?view_as=subscriber
Thank you!!!
0 comments:
Post a Comment
Note: Only a member of this blog may post a comment.