Saturday, September 18, 2021

Extending Linux VM partition

             ဒီရက်ပိုင်း အလုပ်မှာ storage partition တွေ တိုးနေရတဲ့အတွက် article တစ်ခုအနေနဲ့ ရေးလိုက်ပါတယ်။ Esxi VMs disk ကို extend လုပ်မယ်ဆိုရင်  အဓိက ကတော့ VMs မှာ snapshot တွေ မရှိဖို့ လိုအပ်ပါတယ်။ Snapshots ရှိနေရင် အရင်ဖျက်ပြီးမှ Extend လုပ်နိုင်မှာဖြစ်ပါတယ်။ ဒီ article မှာတော့ Linux VM တစ်ခုမှာ disk extend လုပ်ပါမယ်။ Windows VM နဲ့ Linux VM မှာ extend လုပ်ပုံလုပ်နည်း မတူဘူးပေါ့ Linux မှာ Esxi ဖက်က extend လုပ်ပြီးရင် linux ဖက်မှာ တန်းပြီး extend လုပ် သုံးလို့မရသေးဘူး  partition အသစ်တစ်ခု ပိုင်းရတယ် ပြီးရင် lvm partition ဖက်မှာလဲ extend လုပ် ပြီးတော့မှ filesystem check လုပ်ပြီးမှ အသုံးပြုလို့ရမှာ ဖြစ်ပါတယ်။ Windows VM မှာကျတော့ Esxi ဖက်မှာ disk extend လုပ်ပြီးရင် windows ရဲ့ diskmgmt မှာ new partition ကို extend လုပ်လိုက်ရင် အသုံးပြုလို့ရပါပြီ။


Ok, Let's get started!!!


1. Check the current disk info

            Linux VM မှာ disk မတိုးခင် disk information ကို အရင်ကြည့်မယ်။ လက်ရှိ root partition က available free space က13G ရှိတယ်။ 




2. Extend disk size in ESXi first


                VM ကို power-off ပြီးမှ ESXi ဖက်မှာ extend လုပ်တာ safe ဖြစ်ပါတယ်။ VM ကို right click -> Edit Settings ထဲမှာ disk size ကို extend တိုးမှာဖြစ်ပါတယ်။ အောက်ပုံမှာ လက်ရှိ 16GB ကို 25 GB တိုးထားတာဖြစ်ပါတယ်။ 





3. Let's check on VM


                 ESXi ဖက်မှာတိုးပြီးပြီ ဒါပေမယ့် df command ဖြင့် ကြည့်ရင် မတိုးသေးဘူး။ အဲ့အတွက် လုပ်စရာလေးတွေ ဆက်လုပ်ပါမယ်။ 




4. Let's create a new partition 


                    Disk partition ကို extend လုပ်ဖို့အတွက် အရင်ဆုံး fdisk နဲ့  new partition တစ်ခု ဆောက်မယ်။ LVM type ကို ရွေးပေးမယ်။​ ဒီနေရာမှာ partition create လုပ်တာနဲ့ lvm အပိုင်းတွေကို detail မပြောတော့ဘူး အရင် article တွေမှာ ပြောပြထားပါတယ်။ အောက်ပုံမှာဆိုရင် new partition /dev/sda3 ဆိုပြီး create လုပ်လိုက်ပါတယ်။ 



5. Let's create a physical volume, and extend it to vol group


                fdisk နဲ့ partition အသစ်တစ်ခု ဆောက်ပြီးရင် extend လုပ်ဖို့ အတွက် lvm မှာ  partition အသစ် /dev/sda3 ကို existing volume group ထဲ ပေါင်းထည့်ပေးရပါမယ်။ ပြီးမှ  logical volume မှာ extend ထပ်လုပ်ရပါတယ်။


6. Extend logical vol and using xfs_growfs


            Volume group မှာ extend လုပ်ပြီးရင် လက်ရှိ logical volume ကို extend တိုးပါတော့မယ်။ extend တိုးဖို့အတွက် lvextend command ကို အသုံးပြု ရပါတယ်။ lvextend တိုးပြီးသည့်တောင် df ဖြင့် ကြည့်ရင် မပြောင်းသေးတဲ့အတွက် xfs partition ဖြစ်သည့်အတွက် xfs_growfs command ဖြင့် xfs filesystem ကို update လုပ်ပြီးမှ actual growth size ကို တွေ့မှာ ဖြစ်ပါတယ်။ 





Ok, ဒီ article မှာတော့ VMware ESXi ပေါ်မှာ Linux VM တစ်ခုရဲ့ disk partition ကို extend ပြုလုပ်ပြထားတာဖြစ်ပါတယ်။

That's it 😊

Thank you!!!        
Share:

0 comments:

Post a Comment

Note: Only a member of this blog may post a comment.