" Ansible in the house series ကို ansible နဲ့ ပတ်သတ်ပြီး လေ့လာ ရင်းနဲ့ ရေးသွားမှာပါ။ ဆိုတော့ စလိုက်ရအောင် ansible ဆိုတာကတော့ automation tool တစ်ခု ဖြစ်ပါတယ်။ အဓိပ္ပါယ် ကတော့ human effort ကို manual intervention ပိုင်းမှာအများကြီး အသုံးမပြုပဲ control ပိုင်းလောက်ပဲ သုံးပြီး ကျန်တာတွေကိုတော့ automatic အလုပ်လုပ်ခိုင်းဖို့အတွက် အသုံးပြုတဲ့ tool တစ်ခုဖြစ်ပါတယ်။ ဥပမာအနေ နဲ့ system admin သမားတစ်ယောက်အတွက် day to day tasks တွေကို servers အရေအတွက်နည်းရင်တော့ ပြသာနာမရှိပေမယ့် serversအများအပြား ကို တစ်ခုချင်းစီ လိုက်ပြီး manage လုပ်နိုင်ဖို့ ခဲယဥ်းတဲ့ အခြေနေမျိုးတွေမှာ လိုအပ်တဲ့ daily tasks တွေကို automatically handle လုပ်နိုင်ဖို့ ansible ကို အသုံးပြုနိုင်ပါတယ်။
ဆိုတော့ တစ်ခြား popular automation tools တွေ ဖြစ်တဲ့ Puppet, chef, saltstack တို့ထက် ansible မှာ သူရဲ့ အဓိက ကောင်းတဲ့ အချက်ကတော့ human readeable ဖြစ်တဲ့ YAML lanaguage ကို အသုံးပြုထားတယ် နောက်ပြီးတော့ ansible control node နဲ့ ansible ကနေ managed လုပ်မယ့် nodes တွေ ဆက်သွယ်ဖို့ အတွက်လဲ additional software (i.e agents) တွေ သွင်းစရာမလိုပဲ "ssh" connection ပေါ်မှာပဲ အလုပ်လုပ်နိုင်တာကလဲ ansible ရဲ့ အားသာစေတဲ့ အချက်လဲ ဖြစ်ပါတယ်။
ansible သည် python language ကိုအသုံးပြုထားတဲ့ automation tool တစ်ခုဖြစ်ပါတယ်။ ဒါကြောင့် prerequisities အနေနဲ့ system ပေါ်မှာ Python version အနည်းဆုံး python 2 ဆိုရင် 2.6 or later, python 3 ဆိုရင် version 3.5 or later ရှိရပါမယ်။ ဒါဆိုရင်တော့ ansible ကို အသုံးပြုနိုင်ပါတယ်။ ansible ဖြင့် Linux/Unix အပြင် Windows platform တွေကိုပါ manage လုပ်နိုင်ပါတယ်။
Let's install ansible on control node
ဒီ Epsiode-1 မှာတော့ ansible ကို control node မှာ installation အရင်ပြုလုပ်သွားပါမယ်။ Ansible ကို Linux distro (i.e ubuntu, red hat, centos) တွေမှာ install လုပ်နိုင်သလို Mac OS နဲ့ Windows မှာလဲ install ပြုလုပ်နိုင်ပါတယ်။
Install ansible on Ubuntu
Ubuntu မှာဆိုရင် ansible install လုပ်ဖို့အတွက် ansible PPA ကို system မှာ အရင်ထည့်သွင်းပြီးမှ install လုပ်နိုင်ပါတယ်။ အောက်ပုံမှာတော့ Ubuntu distro မှာ ansible installation ကို ပြုလုပ်ပြထားပါတယ်။
Install Ansible on RHEL8
RHEL ပေါ်မှာ ansible install ပြုလုပ်ဖို့ဆိုရင်တော့ အရင်ဆုံး red hat subscription ရှိရပါမယ်။ Red Hat subscription ရှိမှသာ ansible ကို red hat official repositories တွေမှတစ်ဆင့် install ပြုလုပ်နိုင်မှာဖြစ်ပါတယ်။ Ansible ကို install ပြုလုပ်ဖို့အတွက် "ansible-2.9-for-rhel-8-x86_64-rpms" repository ကို enable အရင် ပြုလုပ်ပြီးမှ install လုပ်နိုင်ပါမယ်။ Red Hat ကနေ free ပေးထားတဲ့ Red Hat Developer Subscription ကို RHEL မှာ register လုပ်ပြီး အသုံးပြုနိုင်ပါတယ်။ အောက်ပုံမှာ ansible ကို RHEL8 အပေါ်မှာ installation ပြုလုပ်ပြထားပါတယ်။
Install Ansible on CentOS7/8
Community distro ဖြစ်တဲ့ CentOS မှာဆိုရင်တော့ ansible သွင်းဖို့အတွက် epel repository လိုအပ်ပါတယ်။ အောက်ပုံမှာ epel repository ကို ထည့်သွင်းပြီး ansible installation လုပ်ပြထားပါတယ်။
Install Ansible on MacOS
MacOS အပေါ်မှာ ansible ကို installation ပြုလုပ်ချင်ရင်တော့ အရင်ဆုံး mac os ရဲ့ package manager ဖြစ်တဲ့ "brew" ကို install အရင်လုပ်ရပါမယ်။ "Brew" package manager install လုပ်ပြီးမှ brew ကနေတစ်ဆင့် ansible ကို သွင်းရမှာဖြစ်ပါတယ်။ အောက်ပုံမှာတော့ "brew" ဖြင့် ansible ကို installation ပြုလုပ်ပြထားပါတယ်။
Install ansible on Windows
Windows အပေါ်မှာ ansible ကို အသုံးပြုဖို့အတွက် အကောင်းဆုံး methods တွေကတော့ WSL (Windows Sub-System for Linux) ကို သွင်းပြီး အဲ့အပေါ်ကနေ ansible ကို install ပြုလုပ်နိုင်ပါတယ်။ WSL မဟုတ်လဲ Linux VM on VirtualBox/Vmware Workstation (or) Cygwin လို့ခေါ်တဲ့ windows ပေါ်မှာ unix/linux commands တွေကို အသုံးပြုနိုင်တဲ့ application အပေါ်ကနေ ansible ကို install ပြုလုပ်နိုင်ပါတယ်။
Ok, ဒီ article လေးကတော့ ansible in the house ရဲ့ episode-1 ဖြစ်ပါတယ်။
0 comments:
Post a Comment
Note: Only a member of this blog may post a comment.