Reboot the system
အရင်ဆုံး reset လုပ်ဖို့ရာ system ကို reboot ချရပါမယ်။ ထိုနောက့် Grub bootloader screen ပေါ်လာခဲ့ရင် လက်ရှိ current kernel bootloader ကို select မှတ်ပြီး “e” edit mode နဲ့ grub bootloader ထဲကို ၀င်ရမှာဖြစ်ပါတယ်။ ၀င်ပြီးတဲ့နောက် “Linux16” ဆိုတဲ့ Line ရဲ့ နောက်ဆုံးထိသွားပြီး တော့ “rd.break” ဆိုပြီးရေးပေးရပါမယ်။ “rd.break” ဆိုတာက grub သည် normal system boot process ကို မလုပ်တော့ပဲ emergency mode အတွင်းသို့ရောက်သွားအောင် ပြုလုပ်ခြင်းဖြစ်ပါတယ်။ တစ်နည်းအားဖြင့် read-only mode ထဲကိုရောက်သွားတာပါ။
1) Emergency mode ထဲသို့ရောက်သွားပြီးရင်တော့ အရင်ဦးဆုံး system သည် /sysroot directory ပေါ်မှာ read-only mode အနေနဲ့ mounted ဖြစ်နေတဲ့အတွက် read/write permission ပေးပြီး remount ပြန်လုပ်ပေးရပါမယ်။
2) ထို့နောက် “chroot” command ဖြင့် /sysroot ကို လက်ရှိ system ရဲ့ root အနေနှင့် change လုပ်ပေးရပါမယ်။
3) ပြီးရင်တော့ password change တဲ့ command ဖြစ်တဲ့ “passwd” ဖြင့် root password ကို reset ချပါမယ်။
4) အကယ်၍ SELINUX မသုံ:ထားဘူးဆိုရင် system ကို reboot ချပြီး normal boot process ဖြင့် တက်လို့ရပြီ ဖြစ်ပြီး သုံးထားရင်တော့ “touch /.autorelabel” ဖြင့် SELINUX relabeling ပြန်လုပ်ပေးရမှာပါ။
5) ပြီးရင်တော့ exit ဖြင့် emergency mode ကနေပြန်ထွက် ပြီး reset ချထားသော new password ဖြင့် login ၀င်လို့ရပါပြီ။
PS: Upcoming articles will be delayed a bit.Thanks for reading the blog.. :)
Please also Like and Follow Root Of Info Page
0 comments:
Post a Comment
Note: Only a member of this blog may post a comment.