Tuesday, March 19, 2019

Basic Understanding of Apache Web Server


-->
                အခု article ကတော့ apache web server အကြောင်းဖြစ်ပါတယ်။ RHCE ရဲ့ exam objective တစ်ခု အနေနဲ့လဲ ပါ၀င်ပါတယ်။ အရင်ဆုံး ဒီ article မှာတော့ ကျွန်တော် တို့ apache web server တစ်ခုကို ဘယ်လို install and configure လုပ်မလဲ ဆိုတာ ရှင်းပြသွားမှာပါ။
                 အရင်ဆုံး apache web server ကိုအသုံးပြုဖို့ အတွက် "httpd" package ကို သွင်းပါမယ်။ RHEL/CentOS ပေါ်မှာ တော့ httpd လို့ ခေါ်ပြီး Ubuntu platform တွေမှာတော့ apache2 package ကို installation ပြုလုပ်ရပါမယ်။ နောက်ပြီး RHEL/CentOS platform တွေပေါ်မှာ "Web-Server-Environment" ဆိုပြီး package group လိုက် installation ပြုလုပ်နိုင်ပါတယ်။  နောက်ထပ် အသုံ:၀င်တဲ့ package တစ်ခု အနေနဲ့ "httpd-manual" package ကို လဲ ထည့်သွင်းနိုင်ပါတယ်။ သူကတော့ apache နဲ ပတ်သက်နဲ့ documentation တွေကို ကြည့်ဖို့ရန်ဖြစ်ပါတယ်။ အသုံးပြုပုံကတော့ "http://site-name(or)ip_address/manual" ဖြစ်ပါတယ်။



Apache Important Contents

Apache web server ရဲ့ configuration file ကတော့ "/etc/httpd/conf/httpd.conf" file ဖြစ်ပါတယ်။ အဲ့ဒီ configuration file ထဲမှာ အဓိကအနေနဲ့ -

1) Listen Port 80 : Default အနေနဲ့ apache သည် port 80 ကို web server ရဲ့ all network interface အပေါ်မှာ အသုံ:ပြုပါတယ်။ မိမိ အနေနဲ့ port ဒါမှမဟုတ် မိမိစိတ်ကြိုက် interface ပေါ်မှာ define လုပ်နိုင်ပါတယ်။

2) Document Root "/var/www/html" : ဒီ location ကတော့ web content files တွေ store လုပ်ပေးတဲ့ နေရာဖြစ်ပါတယ်။ မိမိစိတ်ကြိုက် Location ကို သတ်မှတ်နိုင်ပါတယ်။ SELinux enforce ဖြစ်နေရင်တော့ new directory ပေါ်မှာ SELinux ပြန်သတ်မှတ်ပေးရပါမယ်။

3) Errorlog "log/error_log" : Apache နဲ့ ပတ်သတ်တဲ့ log file တွေကို သိမ်းဆည်းပေးမယ့်နေရာဖြစ်ပါတယ်။ Default အနေနဲ့ က "/etc/httpd/log" ဖြစ်ပြီး sym link အနေနဲ့ /var/log/httpd မှာလဲ သိမ်းဆည်းပေးပါတယ်။

Installing Apache Web Server

အရင်ဆုံး အနေနဲ့  "httpd" package ကို installation ပြုလုပ်ပါမယ်။ ထို့နောက် httpd service ကို #systemctl နှင့် start and enable ပြုလုပ်ပါမယ်။




Allow http port on Firewalld

ထို့နောက် #firewall-cmd command နဲ့ http port 80 ကို allow ပြုလုပ်ပါမယ်။



Create Sample Index file

ပြီးရင်တော့ index.html file တစ်ခု create လုပ်ပြီး default location ဖြစ်တဲ့ "/var/www/html" အောက်မှာ သွားသိမ်းပါမယ်။



Accessing the New Web Server

အားလုံးပြီးသွားရင်တော့ browser သို့မဟုတ် #curl command ဖြင့် web server ip (or) name ဖြင့် web server ကို access လုပ်နိုင်ပြီဖြစ်ပါတယ်။




Creating Virtual Host

               Virtual host ဆိုတာကတော့ မိမိ web server မှာ web site domain host ကို တစ်ခုထက်ပိုပြီး လုပ်ချင်တဲ့ အခါ virtual host တစ်ခု တည်ဆောက်ပြီး အသုံးပြုလို့ရပါတယ်။ Domain နှစ်ခု ကို host ထားထားပေမယ့် web server ရဲ့ ip address (or) hostname ကတော့ တစ်ခုထဲပေါ်မှာ အသုံးပြုမှာဖြစ်ပါတယ်။
                Configuration ပြုလုပ်ဖို့ အတွက် ကိုတော့ apache default config file ဖြစ်တဲ့ "/etc/httpd/conf/httpd.conf" မှာ လုပ်ရမှာမဟုတ်ပဲ "/etc/httpd/conf.d/" အောက်မှာ virtual host အတွက် "conf" file တစ်ခု တည်ဆောက်ရမှာ ဖြစ်ပါတယ်။

Creating  Vhost.conf file

အရင်ဆုံးအနေနဲ့ "/etc/httpd/conf.d" အောက်မှာ vhost.conf file "vhost1" and "vhost2" ဆိုပြီး တည်ဆောက်ပါမယ်။ Configuration file ထဲမှာ ဖြည့်ရ မှာတွေကို တော့ အရင်ဆုံ: #rpm -qd command  ကိုအသုံးပြုပြီ: ကြည့်နိုင်ပါတယ်။ #rpm -qa command က Package တစ်ခုရဲ့ ပတ်သတ်တဲ့ documentation တွေကို list out ထုတ်ပြနိုင်ပါတယ်။ ပြီ:ရင်တော့ sample for virtual host config file ထဲ က contents တွေကို အရင်ဆုံ: အနေဲ့ မိမိတည်ဆောက်ထား တဲ့ vhost.conf file ထဲကို Copy ကူးယူထည့်လိုက်ပါ။



Create a web content directory and index file

ထို့နောက် virtual host နဲ့ ပတ်သတ်တဲ့ web content တွေကို သိမ်းဆည်းဖို့အတွက် directory တစ်ခု တည်ဆောက်ပါမယ်။ ဒီနေရာမှာ default location ဖြစ်တဲ့ "/var/www/html/" အောက်မှာလဲ ဆောက်နိုင်သလို သီးခြား directory တစ်ခုနဲ့ လဲ တည်ဆောက်နိုင်ပါတယ်။





Virtual Host Config Detail

အောက်မှာ ပြထားတဲ့ ပုံကတော့ vhost file အတွက် edit ပြုလုပ်ထားတဲ့ ပုံဖြစ်ပါတယ်။

1) Vhost1.conf


2) Vhost2.conf



Creating Vhost diretory and Set SELinux

အခု ဒီမှာတော့ ကျွန်တော် new directory အတွက် SELinux သတ်မှတ် ပုံလေး ပြချင်တဲ့အတွက် နေရာအသစ်မှာ တည်ဆောက်ထားပါတယ်။ ပြီ:ရင်တော့ index.html file တစ်ခု တည်ဆောက်ပြီး ထည့်ပေး ထားရပါမယ်။ အောက်ပုံမှာ vhost1.conf and vhost2.conf တည်ဆောက်ပြထားပါတယ်။



Accessing the New Virtual Host

ပြီးရင်တော့ apache service ကို restart ချပြီး Virtual Host "vhost1" and "vhost2" ကို access လုပ်ကြည့်နိုင်ပါပြီ။



အခုဆိုရင်တော့ Apache Web Server Setup and Configuration ပြုလုပ်လို့ပြီးပြီဖြစ်ပါတယ်။
That's it. Enjoy Reading!!! Thank You!!! :)
Please also Like and Follow Root Of Info Page

Share:

0 comments:

Post a Comment

Note: Only a member of this blog may post a comment.