Friday, March 15, 2019

Installing SELinux Man Page and Useful SELinux Packages

                       အခု article ကတော့ simple and straightforward ဖြစ်ပါတယ်။  Knowledge အရ SELinux အတွက် man page ကို ဘယ်လို installation ပြုလုပ်မလဲ ဆိုတာကို ပြောပြထားတာပါ။ ဘာကြောင့် man page for SELinux လိုအပ်သလဲ ဆိုတော့ RHCE အတွက်ရော ဒါမှမဟုတ် အပြင်မှာလဲ Linux services တွေ deploy လုပ်ရပြီ security policy အရ SELinux on ရမယ်ဆိုရင် reference အတွက် သွင်းထားဖို့ လိုအပ်ပါတယ်။ RHCE အတွက် ဆိုတာကတော့ Exam မှာ SELinux default "enforce" mode ဖြစ်တဲ့အတွက် လေ့ကျင့်ရာမှာလဲ familiar ရှိနေဖို့ လိုအပ်ပါတယ်။ ဒါမှ ကိုယ်က ဥပမာ samba နဲ့ပတ်သတ်တာတွေ ပြင်နေတယ် samba မှာ SELinux နဲ့ပတ်သတ်ပြီး ဘာတွေရှိသလဲ သိချင်ရင် အသုံးပြုလို့ရပါတယ်။

Install policycoreutils-devel

အခု ဒီ package "policycoreutils-devel" က SELinux အတွက် man page ကို generate လုပ်ပေးတာဖြစ်ပါတယ်။ အရင်ဆုံး ဘာမှမသွင်းသေးခင် #man -k _selinux ဖြင့် ခေါ်ကြည့်ပါက pam module အတွက်ပဲ selinux man page ရှိပါတယ်။ ဒါဆိုရင် အရင်ဆုံး package install လုပ်ပါမယ်။



အရင်ဦးဆုံး သွင်းမယ့် package ရဲ့  Information ကို ကြည့်မယ်။ Description မှာ ဖော်ပြထားတဲ့အတိုင်း
ဒီ package သည် SELinux policy တွေကို develop လုပ်ပေးတာဖြစ်ပါတယ်။ ပြီးရင်တော့ install ပြုလုပ်ပါ။



Install လုပ်ပြီးရင်တော့ #sepolicy manage ကိုသုံးပြီး SELinux man page ကို စတင် generate လုပ်ပါမယ်။ Generate လုပ်မယ့် path ကတော့ under "/usr/share/man/man8" ထဲမှာပါ။


Generate  လုပ်ပြီးသွားရင်တော့ #mandb command ကိုသုံးပြီး update ပြုလုပ်ပါမယ်။



 ထို့နောက်မှာတော့ #man -k _selinux ဖြင့် ပြန်အသုံးပြုသောအခါ SELinux ဖြင့်ပတ်သတ်တော့ services man page များကို တွေ့နိုင်ပြီးဖြစ်ပါတယ်။



 ဥပမာ အားဖြင့် "SAMBA" နဲ့ပတ်သက်တဲ့ SELinux man page များကို လေ့လာချင်တယ်ဆိုရင် အခုလိုမျိုး ရှာဖွေနိုင်ပြီ ဖြစ်ပါတယ်။



BONUS
------------------
Bonus  အနေနဲ့ SELinux နဲ့ပတ်သတ်ပြီး တစ်ခြား အသုံး၀င်တဲ့ package 2 ခု ကိုပြောပြချင်ပါတယ်။ 

1) setroubleshoot-server 
     ဒီ Package က အဓိက အားဖြင့် SELinux နဲ့ပတ်သတ်တဲ့ ပြသာနာတွေကို disagnose လုပ်ဖို့ရန် အတွက် သွင်းပါတယ်။ #sealert command ကိုအသုံးပြုဖို့ရန် အခု ဒီ Package ကို install လုပ်ထားဖို့ လိုအပ်ပါတယ်။



2) policycoreutils-python

     ဒီ Package ကတော့ SELinux ကို manage လုပ်ပေးဖို့အတွက် အသုံးပြုပါတယ်။ ကျွန်တော်တို့  files တွေ directory တွေ ရဲ့  SELinux context တွေ ပြင်ချင်ရင် အသုံးပြုတဲ့ #semanage command ကို အသုံးပြုဖို့ရန် install လုပ်ထားဖို့ လိုအပ်ပါတယ်။



Share:

0 comments:

Post a Comment

Note: Only a member of this blog may post a comment.