Wednesday, September 9, 2015

Using nmcli command in linux networking #RHEL/CentOS 7

            အခုပြောမယ့် အကြောင်းအရာကတော့ redhat linux မှာ #nmcli command ကို အသုံးပြုပြီး  network setting တွေကို ဘယ်လိုမျိုး manage လုပ်လို့ရလဲ ဆိုတာဖြစ်ပါတယ်။ အလုပ်လုပ်ပုံကတော့ ကျွန်တော်တို့ ထုံးစံအတိုင်း configuration လုပ်လိုက်တာတွေကို  "/etc/sysconfig/network-script/" ထဲမှာ သွားရေးတာ ဖြစ်ပါတယ်။ manual configuration မလုပ်ပဲ #nmcli command ဖြင့် အသုံးပြုသွားတာဖြစ်ပါတယ်။ 
#Show network information with nmcli
           #nmcli connection show ကို အသုံးပြုလျှင် မိမိစက်ထဲမှာ create လုပ်ထားတဲ့ connections တွေကို တွေ့ရမှာဖြစ်ပါတယ်။ အကယ်၍ နောက်မှာ --active ထည့်လိုက်လျှင်တော့ စက်ထဲမှာ active ဖြစ်နေတဲ့ connection ကိုသာတွေ့ရမှာ ဖြစ်ပါတယ်။ ပြောချင်မှာ connection တစ်ခုကို create လုပ်လိုက်ပြီ: physical network interface နဲ့ မချိတ်ဆက်ထားသ၍ active connection မဖြစ်သေးပါ။


              

             #nmcli connection show eth0 ဖြင့် eth0 connection ရဲ့ detail information ကိုကြည်နိုင်ပါတယ်။ ထိုထဲမှာ eth0 ရဲ့ uuid , ip address etc. စတာတွေပါ၀င်ပါတယ်။ 


            #nmcli device status ဖြင့်ကြည့်လျှင် မိမိ၏ စက်ထဲမှာ physically connected ဖြစ်နေတဲ့ network interface card ကိုတွေ့ရပါတယ်။ #nmcli device show en016xxx ဆိုလျှင် physical network card ၏ detail information ကိုကြည့်နိုင်ပါတယ်။




Creating network connection with #nmcli
              အခု စပြီး #nmcli command ဖြင့်  new connection တစ်ခု create စလုပ်ပါမယ်။ ကျွန်တော်တို့ #nmcli command ဖြင့် ကြိုက်သလောက် connections တွေ create လုပ်နိုင်ပါတယ်။ ဒါပေမယ့် ထို create လုပ်လိုက်သော connection ကို physical network card နဲ့ တွဲလိုက်မှ active ဖြစ်မှာပါ။ အောက်ပုံမှာ create လုပ်ပြထားပါတယ်။ 



Modifying network connection with #nmcli
                   အခု ဒီတစ်ခ ေါက် ကျွန်တော်တို့ အသစ် create လုပ်လိုက်သော eth1 connection ကို  modify လုပ်ကြည့်ပါမယ်။ ဥပမာ dns address သတ်မှတ်ခြင်း ip address ပြောင်းလဲသတ်မှတ်ခြင်း စတာတွေကို #nmcli con mod command ဖြင့် အသုံးပြုနိုင်ပါတယ်။ 



Adding additional ip address and dns
              ကျွန်တော်တို့ connection တစ်ခုမှာ ip address ကို တစ်ခုထက်ပိုပြီး ထည့်လို့ရပါတယ်။ 
#nmcli command နဲ့ ပဲအသုံးပြုသွားမှာဖြစ်ပါတယ်။ 




Deleting connection with #nmcli
               နောက်ဆုံး connection ကို delete လုပ်ချင်တယ်ဆိုရင်တော့ #nmcli con delete eth1 နှင့် 
အသုံးပြုနိုင်ပါတယ်။

Enjoy Reading and Thank You!!!
Please also Like and Follow Root Of Info Page


Share:

0 comments:

Post a Comment

Note: Only a member of this blog may post a comment.